တာလေ ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (တာလေ)ခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက အသိပညာပေးေဟာပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများကို အသိပညာပေးဟော ပြောခဲ့သည်။ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(တာလေ)မှ အထက်တန်းပြဆရာ ဦးလာဘီခ်နှင့် အလယ်တန်းပြဆရာ ဦးနိုင်လင်းတို့က ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများ ကိုအသိပညာပေးဟောပြောခဲ့ကြကြောင်းနှင့် ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှဝန်ထမ်းများက အသိပညာပေးဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)