မိုင်းဆတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်

မိုင်းဆတ် မတ် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာဘာသာရပ်၏ အခြေခံသဘောတရားများကိုနားလည်ကာ အင်္ဂလိပ်စာစွမ်းရည်များ တိုးတက်လာစေရန်နှင့် အနာဂတ်တွင် နိုင်ငံတော်က အားကိုး၊ အားထားပြုရသည့် လူငယ်၊ လူရွယ်များ ဖြစ်လာ စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၀ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ  မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ၂ ပတ်ကြာ အခမဲ့သင်ကြားပို့ချပေးသွားမည်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)