ဘိုကလေး ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မဈေးကြီးအတွင်း ခြင်၊ ယင်များ မပေါက်ဖွားစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများအား ယနေ့နံနက် (၇)နာရီ အချိန်မှစတင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုး၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများက ဈေးအတွင်းဆောင်ရွက်ကြသည်။
လုပ်ငန်းဆောင်ရွက်ရာတွင် ဈေးအတွင်းရှိ ရေနှုတ်မြောင်းများအတွင်း အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားခြင်း၊ ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်ခြင်း၊ ဆယ်ယူခြင်း၊ ဈေးပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြစ်ပြီး စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ဈေးသူ/သားများအား ဈေးအတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် မိုးတွင်းရာသီ ခြင်၊ ယင်များ မပေါက်ဖွားစေရေး လိုအပ်သည့် လမ်းညွှန်မှုများအား မှာကြားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)