ဒေးဒရဲ ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နှစ်ရှည်သီးပင်စားပင်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် မာလကာပင်စိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေများရရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကျုံသင်၊ ကွန်ပလိုင်းနှင့် ခနောင်စသည့် ကျေးရွာများရှိ ကိုယ်ပိုင်စိုက်ခင်းအသီးသီးတို့တွင် မာလကာပင်ကို အိမ်တွင်းစီးပွားရေး တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ကီလိုမာလကာသီတစ်လုံးလျှင် အရွယ်အစားအကြီးအသေးလိုက်၍ ဈေးကောင်းရရှိစွာ ရောင်းချရပြီး ရာသီစာဖြစ်သည့် မာလကာသီးစိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
အေဇာလင်း