ချောက် ဇွန် ၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ အပတ်စဉ်တနင်္လာ နေ့တိုင်းပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေး နေ့သတ်မှတ်၍ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၉နာရီအချိန်က ချောက်မြို့မစျေးအတွင်း ဈေးရောင်း/ဈေးဝယ်ပြည်သူများ အားပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူစသည့် အခြားထုပ်ပိုးပစ္စည်းများဖြင့် အစားထိုးထုတ်ပိုးသုံးစွဲစေရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိ ဒေါ်လတ်လတ်ဌေး ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဈေးကော်မတီဝင်များပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူအိတ်စသည့် အခြားထုပ်ပိုးပစ္စည်းများ အသုံးပြုရောင်းချရေးအတွက် အသိပညာပေးပြောကြားခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်၊ ပလတ်စတစ်အသုံးပြုမှုလျော့ချရေး အစားထိုးအိတ်များကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)