မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (ခန်းမ) ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ ကျင်းပ

မိုင်းစံ ဇွန် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူခရိုင်၊ မိုင်းစံမြို့ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိဇာချိုက မူးယစ်ဆေးဆိုဘာလဲ၊ မူးဆေးဝါးသုံးစွဲခြင်းဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်ဥပဒေများ၊ မူးယစ်ဆေးဝါးမသုံးစွဲသင့်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတတ်စေရန်၊ ထူးချွန်ထက်မြက်သောလူငယ်၊ လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်ချက်များကို ဟောပြောခဲ့သည်။

ဆက်လက်၍ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ဆုရရှိသူ ပြိုင်ပွဲဝင်လူငယ်များအား မြို့ဦးစီးမှူး ဒေါ်အိဇာချိုက ဆုများပေးအပ်ချီမြှင့်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အိဇာချို (မိုင်းစံ၊ပြန်/ဆက်)