နမ့်စန်မြို့နယ် မိုင်းစိတ်ကျေးရွာတွင် သွင်းအားစု မျိုး၊ မြေဩဇာများ ထောက်ပံ့ပေးအပ်

နမ့်စန် (ဇွန် ၈

ရှမ်းပြည်နယ်တောင်ပိုင်းနမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာတွင် အသင်းပိုင်ငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် မိုင်းစိတ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းရှိ အသင်းသားတောင်သူများအတွက် သွင်းအားစု၊ မျိုးနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ အသင်းဥက္ကဋ္ဌ နေအိမ်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချို နှင့် တာဝန်ရှိသူများက အသင်းသားတောင်သူ ၂၉ ဦး၏ စိုက်ဧက (၃၈၃) ဧကအတွက် သွင်းအားစု DU-12 စပါးမျိုးနှင့် ကွန်ပါင်း၊ ပုလဲဓာတ်မြေဩဇာများကို ပံ့ပိုးပေးအပ်ခဲ့ရာ မိုင်းစိတ်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းဥက္ကဋ္ဌ ဦးစိုင်းဆောနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)