ကျေးသီးမြို့တွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်း မြို့နယ်အဆင့်ဆရာဖြစ်သင်တန်းဖွင့်လှစ်

ကျေးသီး ဇွန် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် ကျန်းမာရေးဌာနနှင့် ပညာရေးဌာနသို့ ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြှင့်ကျောင်း မြို့နယ်အဆင့် ဆရာဖြစ်သင်တန်း ယနေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က ခန်းမတွင် ကျင်းပသည်။

သင်တန်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းထွေးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးဌာနမှ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဆွေ၊ ဒု မြို့နယ်ပညာရေးမှူး ဦးစိုင်းလောဝ်ခေး၊ ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ခင်စန်းရီတို့က ကျန်းမာရေးအဆင့်မြှင့်ကျောင်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို ဇွန်လ (၈) ရက်နေ့မှ (၁၀) ရက်နေ့အထိ (၃) ရက်အကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။      

အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတို့မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ကျေးသီး(ပြန်/ဆက်)