ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/ သမီးများအား ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှု ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရွှေတောင် ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/ သမီးများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှု ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းမိသားစုများမှ သား/ သမီးများ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားရာတွင် ထူးချွန်ထက်မြက်သည့် ပညာတတ်လူငယ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် မိဘများမှ အကောင်းဆုံးကြိုးစား၍ ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ မိမိတို့ဌာနအနေဖြင့် ဝန်ထမ်းများ၏ သားသမီးများ ပညာရည်မြင့်မား တိုးတက်စေရေးအတွက် နှစ်စဉ် စဥ်ဆက်မပြတ် ဆက်လက်၍ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ပေးအပ်ရာတွင် တက္ကသိုလ်အဆင့် ကျောင်းသား/ ကျောင်းသူ (၅) ဦးအား တစ်ဦးလျှင် ( ၅၀၀၀၀) ကျပ်၊ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၄) ဦးအား တစ်ဦးလျှင် ( ၄၀၀၀၀) ကျပ်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးအားတစ်ဦးလျှင် ( ၃၀၀၀၀) ကျပ်၊ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၂၂) ဦးအား တစ်ဦးလျှင် ( ၂၀၀၀၀) ကျပ်နှင့် စာရေးကိရိယာတန်းဖိုး ( ၈၀၀၀၀) ကျပ် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၁) ဦးအား စုစုပေါင်းတန်ဖိုး (၁၂၃၀၀၀၀) ကျပ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံဝင်းအောင်၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)