တံတားဦး ဇွန် ၈
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား QR CODEစနစ်များ အသုံးပြခြင်းကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသော QR CODE စနစ်များ Cyber တိုက်ခိုက်ခံရ၍ ပျက်နေပါသဖြင့် စက်သုံးဆီရောင်းချမှုများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ၊ မရှိ၊ မသမာသည့်နည်းလမ်းများဖြင့် ဝယ်ယူစုဆောင်ပြီး ဈေးတင်ကာ တရားမဝင် တစ်ဆင့် ပြန်လည်ရောင်းချသူများကို ထိရောက်စွာ အရေးယူဆောင်ရွက် ဖြစ်ကြောင်း၊ ပြည်သူများသို့ အသိပေးဆောင်ရွက်ခြင်းအား ရှောင်တခင်သွားရောက်စစ်ဆေးခဲ့ပါကြောင်း၊ လက်ရှိ QR CODEတွင် ယာဉ်အစီးရေ 0 ပြနေသော်လည်း ကျန်ချက်အလက်များ ပြန်လည်ရရှိသဖြင့် QR CODEဖြင့် ဆီဖြည့်သွင်းလျက်ရှိသည့်အပြင် စာအုပ်တွင် ယာဉ်အချက်အလက်များ ဖြည့်သွင်းရေးသား၍ ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။
ဆက်လက်၍ စက်သုံးဆီအရောင်းဆိုင်များမှ ဆိုင်တာဝန်ခံများအား စက်သုံးဆီ ပျက်လပ်မှုမရှိရေး၊ စက်သုံးဆီများ ချိန်တွယ်ရာတွင် ပုံမှန်ချိန်တွယ်ပေးရေးနှင့် ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချပေးရေး၊ လျှပ်စစ်မီးအန္တရာယ်ကို အထူးအလေးထားဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်သူအောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေ့စဉ် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားရေး၊ စက်သုံးဆီ သိုလောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ မတော်တဆ မီးလောင်မှုဖြစ်ပွားပါ မီးငြိမ်းသတ်ဆေးဘူးများထားရှိပြီး အသုံးပြုတတ်စေရေး၊ စက်သုံးဆီများတွင် ပြည်သူများ အတွက် မီးဘေးလုံခြုံရေး ပညာပေး ဆိုင်းဘုတ်များ ထားရှိရေးတို့ကို အထူးဂရုပြုလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း လုပ်ငန်းရှင်များနှင့် စက်သုံးဆီအရောင်းဆိုင် တာဝန်ခံများအား ဆွေးနွေးပြောကြားကြောင်းသည်။
ရဲတင့်(ပြန်/ဆက်)