သံဖြူဇရပ် ဇွန် ၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်း(စက်စဲ)၌ လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်း သင်တန် ဖွင့်ပွဲအခမ်း အနားကို ဇွန် ၈ ရက် နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း၊ ပြည်နယ် အလုပ်သမားညွန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးမိုးမြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ကျွမ်းကျင်မှု သင်တန်းကျောင်း(စက်စဲ)မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။
ဦးစွာ မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စုစုလိုင်က သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မွန်ပြည်နယ် လူမှုရေးရာဝန်ကြီးမှ သင်တန်းသုံးပစ္စည်းများ သင်တန်းအသုံးပြုမည့်အခန်းများအား လှည့်လည်ကြည့်ရှူသည်။
အဆိုပါသင်တန်းကို ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(စက်စဲ)မှ ကျောင်းတာဝန်ခံဦးနေနိုင်ထွန်းနှင့် ပြင်ပသင်တန်းနည်းပြဦးမျိုးဝင်းတို့က လုပ်ငန်းတွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လျှပ်စစ်ပစ္စည်းတပ်ဆင်အသုံးပြုပုံ၊ ဝါယာကြိုးသွယ်တန်းနည်း၊ ခန္ဓာကိုယ်ကာကွယ်ရန် မဖြစ်မနေအသုံးပြုသင့်သည့် ပစ္စည်းများအသုံးပြုပုံ နှင့်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာစသည့် ဘာသာရပ်များကို သင်တန်းသား(၂၅)ဦးအား ဇွန် ၈ ရက်နေ့မှ ဇူလိုင်၃ ရက်နေ့အထိ ရက်သတ္တပတ် ၄ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)