တံတား ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ရှိရပ်ကွက်များအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါနှိမ်နင်းရန်၊ ခြင်ကြားမပေါက်ပွားစေရန်ရည်ရွယ်၍ အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်မှစ၍ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် တံတားမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစည်သူထွန်း၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့်ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများပူးပေါင်း၍ ပြည်သူများကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေး၊ မိုးဦးကာလသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် ရပ်ကွက်အတွင်းရှိ ရေတွင်း ရေကန်များ၊ ခြင်ပေါက်ပွားနိုင်သည့်နေရာများ၌ ခြင်ကြားပေါက်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ(ပြန်/ဆက်)