မိုင်းရယ် ဇွန် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အခြေခံပညာမူလတန်းကျောင်း (ခိုဆိုင်း) ကျေးရွာတွင် ပြုလုပ် သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာက စာဖတ်ခြင်းအကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခမ်းမိုက ကျောင်းသားလူငယ်များ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကို စနစ်တကျကစားကြရန်လည်းကောင်း အသီးသီး အသိပညာပေးဟောပြောပါသည်။
ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခမ်းမိုက အမက (ခိုဆိုင်း) ကျောင်းအတွက် အားကစားပစ္စည်းများကို ပေးအပ်ပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နယ်လှည့်စာကြည့်တိုက်ကို ပြုလုပ်ရာ အမက (ခိုဆိုင်း) မှ ကျောင်းသား/ သူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မိုင်းရယ် (ပြန်/ဆက်)