မဟာအောင်မြေ ဇွန် ၈
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းတွင် အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက် နိုင်ငံသားစီစစ်ရေးကတ်ပြား နှင့် UID ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းကျော်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်နှင့် အဖွဲ့၊ မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝဏ္ဏအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့်အဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြေမြို့နယ် ဦးစီးမှူး ဦးကောင်းမြတ်ကျော်နှင့်အဖွဲ့၊ မဟာအောင်မြေမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ဇူးဇူး(ဓါတ်ခွဲ)၊အ.လ.က ခွဲ(၄) ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်ရွှေနှင့် ဆရာ/ဆရာမများ တက်ရောက်သည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်မှ အ.လ.က ခွဲ(၄)ကျောင်းရှိ အသက်(၁၀)နှစ်ပြည့် ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် UID ပြုလုပ်ထုတ်ပေးခြင်းအား ကြည့်ရှုအားပေးပြီး ကျောင်းသား ၃၄ ဦး၊ ကျောင်းသူ ၄၂ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် UID ကဒ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း