တံတားဦးမြို့နယ်၌ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကွင်းဆောင်ရွက်

တံတားဦး ဇွန် ၈

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက ပြည်သူများ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးအတွက် ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။

မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အများပြည်သူသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသော  ဓာတ်အားလိုင်းများ လိုင်းအပြစ်ကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုမရှိစေရေး၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်စ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဓာတ်အားခေတ္တပိတ်၍ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)