မဟာအောင်မြေမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက် 

မဟာအောင်မြေ ဇွန် ၈

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် သံလျက်မော်အရှေ့ရပ်ကွက်တွင် ရေစီးရေလာကောင်းမွန်စေရေး ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

မဟာအောင်မြေမြို့နယ် သံလျက်မော်အရှေ့ရပ်ကွက်တွင် ရေစီးရေလာကောင်းမွန်စေရန် သံလျက်မော်အရှေ့ရပ်ကွက်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးစိုးနိုင်အားတင်ပြခဲ့ရာ ပြည်သူလွှတ်တော်ကိုယ်စားလှယ်က မြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ အကူအညီဖြင့် သံလျက်မော်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ရပ်ကွက်အတွင်း ရေစီးရေလာကောင်မွန်စေရန် အမှိုက်များ ဆယ်ယူခြင်း၊ ပိတ်ဆို့နေသော နွံနှစ်များဆယ်ယူခြင်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆန်းဝင်းတို့က ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုသည်။

အောင်ဇော်မင်း