မန္တလေး ဇွန် ၈
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကို ဇွန် ၈ရက် နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးက မေးမြန်းသည့်ကြယ်ပွင့်ပြ မေးခွန်း ၁၅ ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို (ရပ်နားပြီး အစည်းအဝေး (ပဉ္စမနေ့)ကို ဇွန် ၉ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ စုစုပေါင်း ၇၄ ဦး တက်ရောက်သည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)