ကော့မှူး ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသော ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝ သုံးစွဲနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ ယနေ့နံနက်က သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မန်နေဂျာ ဦးကျော်ကျော်လှိုင် ဦးဆောင်သော ဝန်ထမ်းများက ဗိုလ်ချုပ်လမ်းမကြီးရှိ လမ်းဘေးဝဲယာမှ သစ်ပင်များမှ လမ်းမပေါ်ရောက်ရှိနေသည့် သစ်ကိုင်းများ၊ လျှပ်စစ်ဓါတ်အား ကြိုးများနှင့် ထိမိနေသည့် သစ်ကိုင်းများအား ခုတ်ထွင်ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက အမှိုက်သိမ်းယာဉ်များ သိမ်းဆည်းနေကြကြောင်း သိရသည်။
ကျော်သူရ