မြန်အောင်မြို့နယ် ကုန်းတလုံးကျေးရွာ အောင်မင်္ဂလာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း ပြန်လည်ဖွဲ့စည်း၊ ဇီဝသဘာဝမြေဩဇာဖြန့်ဖြူးရောင်းချရေးဆွေးနွေး

မြန်အောင် ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကုန်းတလုံးကျေးရွာ အောင်မင်္ဂလာ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ပြန်လည်ဖွဲ့စည်းခြင်းနှင့် ဇီဝသဘာဝမြေဩဇာဖြန့် ဖြူးရောင်းချရေးဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်က ကုန်းတလုံးကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယမင်းသူက ကုန်းတလုံးကျေး ရွာအောင်မင်္ဂလာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း ပြန်လည်ဖွဲ့စည်းခြင်း၊ ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အသင်းသားစာရင်းရွေးချယ်ခြင်းတို့ ဆောင်ရွက်ပေးသည်။

ဆက်လက်၍ အောင်မင်္ဂလာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားများ၏ မိုးမြေပဲ စိုက်ခင်းများ၊ စပါးစိုက်ခင်းများတွင် မိုးစပါး၊မိုးမြေပဲများ အထွက်နှုန်းတိုးတက်စေရေး ဇီဝသဘာဝ မြေဩဇာနှင့်ဓာတ်မြေဩဇာ (All in One Plus) ရွက်ဖြန်းဆေးအသုံးပြုခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဦးနေလင်းအောင်က ရှင်းလင်းပြောကြားခဲ့‌ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)