ထားဝယ် ဇွန် ၈
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၆)အား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ဌေးဌေးမြင့်က ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယပြည်ထောင်စု စာရင်းစစ်ချုပ် တို့၏ မှာကြားချက်များအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ခရိုင်/မြို့နယ်စာရင်းစစ်ရုံးများက လုပ်ငန်းဆိုင်ရာဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များကို တင်ပြကြရာ တိုင်းဒေသကြီးစာရင်းစစ်ချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သည်။
ဆက်လက်ပြီးတိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့်ညွှန်ကြားရေးမှူးတို့က အခြေခံပညာအဆင့်တွင် သင်ကြားနေသော ဝန်ထမ်းသားသမီးများသို့ ပညာသင်ချီးမြှင်ငွေများပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)