ဘုတ်ပြင်း ဇွန် ၈
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် လမင်းစီမံချက်ဖြင့် ကျောင်းသား ကျောင်းသူ များအားနိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဇွန် ၈ ရက်က အထက(ဘုတ်ပြင်း)ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းသားကျောင်းသူများအား အသက် (၁၀)နှစ်နှင့်အထက် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းဆောင်ရွက်နေမှုကို ဘုတ်ပြင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုနှင့်အဖွဲ့ဝင်များ ခရိုင်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး လိုအပ်သည့်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)