မင်္ဂလာဒုံ ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ယာဥ်မောင်းလိုင်စင်စစ်ဆေးရေးရုံးခွဲကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ ဦးစီးမှူး ဦးမျိုးမင်းထွန်းက ယာဥ်မောင်းလိုင်စင်စစ်ဆေးရေး ရုံးခွဲဖွင့်လှစ်ရခြင်းနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးများကို သင်တန်းသားများအား ရှင်းလင်းပြောကြားခဲ့ပြီး စစ်ဆေးရေးမှူး (၂) ဦးဝဏ္ဏမောင်မှ ယာဉ်မောင်လိုင်စင်ဖြေဆိုခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသားများအား ယာဉ်မောင်းလိုင်စင်အသစ်ဖြေဆိုခြင်း၊ မျက်စိအရောင်ခွဲခြားသတ်မှတ်ခြင်း၊ မှတ်တမ်းများ စစ်ဆေးခြင်း၊ လိုင်စင်ကျလျှင် ပြန်လည်ဖြေဆိုခြင်း၊ လိုင်စင်အာင်သည့် သင်တန်းသားများအား လက်တွေ့ယာဉ်မောင်းစစ်ဆေးရေးကွင်းတွင် ရုံးကားဖြင့်သော်လည်းကောင်း၊ ကိုယ်ပိုင်ကားဖြင့်သော်လည်းကောင်း လက်တွေ့မောင်းနှင်စေခြင်းနှင့် ကားပါကင်ထိုးခြင်းများကို လက်တွေ့လုပ်ဆောင်စေခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)