ဖောင်းပြင်မြို့နယ်တွင် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဖောင်းပြင် ဇွန် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေ ၂၈ ရက်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲရေး၊ အကောင်အထည်ဖော်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းက အဖွင့်အမှာစကားပြောကြားကာ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးတင်မင်းထွဋ်က အမှာစကား ပြောကြားသည်။

ထို့နာက် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ကဏ္ဍအလိုက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို ပေးအပ်ရာ လယ်ယာကဏ္ဍအတွက် မြို့နယ်စီမံကိန်းရေးဆွဲရေး၊ အကောင်အထည်ဖော်ရေး ကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းကလည်းကောင်း၊ ရင်းနှီးမြုပ်နှံမှုကဏ္ဍအတွက် ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးတင်မင်းထွဋ်က လည်းကောင်း၊  အသား/ငါးကဏ္ဍအတွက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဇော်က လည်းကောင်း၊  သစ်တောကဏ္ဍအတွက် မြို့နယ်စီမံကိန်းရေးဆွဲရေး၊ အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး ဦးသက်ထွန်းကလည်းကောင်း၊ ငွေရေးကြေးရေးကဏ္ဍအတွက် မြို့နယ်စီမံကိန်းရေးဆွဲရေး၊ အကောင်အထည်ဖော်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါ်သန်းသန်းညွှန့်ကလည်းကောင်း၊  ပို့ဆောင်ရေးကဏ္ဍအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဦးစိုးမြင့်ကလည်းကောင်း၊ ဆက်သွယ်ရေးကဏ္ဍများအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမျိုးမင်းအောင်ကလည်းကောင်း ဌာနဆိုင်ရာတာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)