တောင်ကြီးမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UIDကတ်ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

တောင်ကြီး  ဇွန်  ၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းနှင့် တောင်ကြီးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထူးအောင်တို့သည် ဇွန်လ ၈ ရက် နံနက် ၁၀ နာရီခွဲက တောင်ကြီးမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌တောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ က အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား၊ကျောင်းသူ(၈၂၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုသွားရောက်ကြည့်ရှုခဲ့သည်။

ထို့နောက် နေ့ချင်းပြီးဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်တို့ကို ကာယကံရှင်ကျောင်းသား၊ကျောင်းသူတစ်ဦးချင်းထံသို့ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထူးအောင်က ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)