ကန်ကြီးထောင့် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှ ကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေး ယာဉ်စစ်ပိတ်ဆို့ စစ်ဆေးခြင်း၊ psms ဖြင့် ပြေး (၄) ဖမ်းဆီးရမိရေးဆောင်ရွက်ခြင်းကို နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံတွင် လိုင်စင်မဲ့မော်တော်ယဉ်များ စစ်ဆေးခြင်းနှင့် ယာဥ်စည်းကမ်းလမ်း စည်းကမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကန်ကြီးထောင့်မြို့မရဲစခန်းမှ ဒုရဲအုပ်ထက်ထက်ဇော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကန်ကြီးထောင့်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ လိုင်စင်မဲ့မော်တော်ယဉ်များ စစ်ဆေးခြင်းနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်း စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်း နေထိုင်ကြသည့် အများပြည်သူတို့၏ ဘဝအကြမ်းဖက်သမားများဘေးရန်မှ ကင်းဝေး၍ စိတ်အေးချမ်းသာယာလုံခြုံစွာ နေထိုင်နိုင်စေရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေးဆိုင်ရာလုပ်ငန်းများ၊ မော်တော်ယဉ်များစစ်ဆေးခြင်းနှင့် ဧည့်စာရင်းစစ်ဆေးခြင်းများကို စဉ်ဆက်မပျက်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)