ကမာရွတ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တစ်ပင်လဲကျကာ လမ်းတစ်ဖက်ခြမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့

ကမာရွတ် ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက် ၈ နာရီခန့်က လေပြင်းများတိုက်ခတ်မှုကြောင့် အင်းယားလမ်း (တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားလမ်းမီးပွိုင့်အနီး) ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှ လုံးပတ်(၂)ပေ အရှည်‌(၃၅)ပေခန့်ရှိ မဒမပင် လဲကျရာမှ လမ်းတစ်ဖက်ခြမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။ 

အဆိုပါသစ်ပင်လဲကျမှုကြောင့် လမ်းတစ်ဖက်ခြမ်း ပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဆောင်၍ ခရိုင်နှင့်မြို့နယ် ပန်းဥယျာဉ်အဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လဲကျသည့်သစ်ပင်ကို ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ သစ်ပင်ပြိုလဲမှုကြောင့် ဆက်သွယ်ရေးတိုင်တစ်တိုင် ကျိုးကျပျက်စီးခဲ့ပြီး လူနှင့်ယာဉ်ထိခိုက်မှု မရှိကြောင်း သိရသည်။

စိမ်းလဲ့(ပြန်ဆက်)