မော်လိုက်မြို့၌ Grade-12 ကျောင်းသား/ ကျောင်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

မော်လိုက် ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ မော်လိုက်ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ Grade-12 တက်ရောက်နေသည့် ကျောင်းသား/ ကျောင်းသူများကို စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၈) ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင်ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အ.ထ.ကကျောင်းတွင် Grade-12 တက်ရောက်နေသည့် ကျောင်းသား/ ကျောင်းသူ (၈၀) ဦးတို့အတွက် စာအုပ် (၈) ဒါဇင်၊ ခဲတံ (၁၆၀) ချောင်းနှင့် ဘောပင် (၁၆၀) ချောင်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)