မိုင်းယန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေး ကွင်းဆင်းဟောပြော

မိုင်းယန်း ဇွန် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော ငှက်ဖျားရောဂါနှင့်သွေးလွန်တုတ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်စိုးပြည့်ပြည့်ထွေး ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်မိခင်နှင့် ကလေးကျန်းမားရေးဌာန၊ တာဝန်ခံအမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဌေးဌေးခိုင်က ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုတ်ကွေးရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ ရောဂါလက္ခဏာများ၊ ကုသရေးနည်းလမ်းများစသည့်အကြောင်းအရာများဖြင့်လည်းကောင်း၊ ငှက်ဖျားဆေးဖျန်း ဦးရဲဂျာက ငှက်ဖျားရောဖြစ်စေနိုင်သည့်အကြောင်းအရာများ၊ ငှက်ဖျားပိုးကူးစက်မခံရအောင် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ရောဂါလက္ခဏာများ စသည့်အကြောင်းအရာများကို အသိပညာပေးရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ငှက်ဖျားရောဂါကင်းဝေးသော အနာဂတ်ဆီသို့ အသိပညာပေးလက်ကမ်းစာများနှင့် သွေးလွန်တုတ်ကွေးရောဂါအကြောင်း သိကောင်းစရာများ အသိပညာပေးစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး