ရေတာရှည် ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမေများ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ရဲစခန်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အဘိတ်ဆေးခပ်ခြင်း၊ ပိုးလောက်လန်းမပေါက်ပွားစေရေး စစ်ဆေးခြင်း၊ ရေဝပ်နိုင်သည့် နေရာများအား စစ်ဆေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန်းသန်းမိုးနှင့် အဖွဲ့က စနစ်တကျ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)