နေပြည်တော် ဇွန် ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သီရိ(၅)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ဒက္ခိဏသီရိမြို့နယ်တွင်းရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် ဒက္ခိဏသီရိမြို့နယ် ရဲမှူး ဦးလှစိုးက အမှာစကားပြောကြားပြီး သီရိ(၅)မြို့နယ် အခွန်ဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှငွေက တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သျှင်ဦးမောင်(ဒက္ခိဏ)