အောင်မြေသာစံမြို့နယ် အလက(၄)၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

မန္တလေး ဇွန် ၉

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)၊ လမင်းစီမံချက်ဖြင့် ဇွန် ၉ရက် နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးထွန်းဝင်းနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ ၄၇ ဦးအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးရာ မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဉ္ဇာလွင်နှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။မြင့်မော်ထွန်း(‌အောင်စံ)