ရန်ကုန် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် သပြေကန်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဆိုင်ရာများနှင့် ပက်သက်၍ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် အခြေခံပညာကျောင်းများရှိ ရေတွင်း ရေကန်များ၊ ခြင်ပေါက်ပွားနိုင်သည့် နေရာများ၌ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် (ဖုံး၊ သွန်၊ လဲ ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)