မဟာအောင်မြေမြို့နယ်၌ ကျန်းမာရေးအဆင့်မြှင့်တင်ကျောင်း မြို့နယ်အဆင့်ဆရာဖြစ်သင်တန်း ဖွင့်လှစ်

မဟာအောင်မြေ ဇွန် ၉

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ကျန်းမာရေးအဆင့်မြှင့်တင်ကျောင်း မြို့နယ်အဆင့်ဆရာဖြစ်သင်တန်းကို ယနေ့နံနက်ပိုင်းက အမှတ်(၃) အ.ထ.ကကျောင်း၌ ဖွင့်လှစ်သည်။

ဦးစွာ မဟာအောင်မြေမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်ဇော်အောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မျက်စိအမြင်စမ်းသပ်စစ်ဆေး၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာအန္တရာယ် ကင်းရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းကျန်းမာအဆင့်မြင့်တင်ကျောင်းတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ကျောင်းသားလူငယ်များ၏ စိတ်ကျန်းမာရေးအကြောင်း၊ တီဘီရောဂါအကြောင်းသိကောင်းစရာများကို မဟာအောင်မြေမြို့နယ်အတွင်းရှိ ထက်၊လယ်၊မူ ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ဆရာမများအား သင်ကြားပို့ချပြီး သင်တန်းကာလကို ဇွန် ၉ ရက်မှ  ၁၁ ရက်အထိ ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

‎‎ အောင်ဇော်မင်း