ချမ်းအေးသာစံ ဇွန် ၉
ဆရာအတတ်ပညာဦးစီးဌာန မန္တလေးပညာရေးဒီဂရီကောလိပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၁၁)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့စု တို့ပူးပေါင်းကျင်းပသော လူကုန်ကူးမှုကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမဆောင်၌ ကျင်းပသည်။
ဟောပြောပွဲတွင် မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသင်္ဂီကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ်(၁၁)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ဒုတိယရဲမှူး အောင်ဇော်မြင့်က “လူမှောင်ခိုမှု၊ လူကုန်ကူးခြားနားချက်၊ လူကုန်ကူးခံရမည့်အခြေအနေများနှင့် ကာကွယ်ရမည့်အချက်များကို” ရှင်းလင်းပြောကြားသည်။ ထို့နောက် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စုမှူး ရဲမှူးသူဇာလွင်က “ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် သက်ငယ်မုဒိမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်း” ဟောပြောပြီး မန္တလေးပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီးစိုးမင်း၊ အမှတ်(၁၁)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူး ရဲမှူးခင်မာဝင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စု(မန္တလေး) တပ်ဖွဲ့စုမှူး ရဲမှူးသူဇာလွင်၊ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသင်္ဂီကျော်၊ ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်နှင့် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်းစံ/ပြန်ဆက်)