ကျောက်ပန်းတောင်းမြို့ စံပြမူလတန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကျောက်ပန်းတောင်း ဇွန် ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ဇွန် ၉ ရက် နံနက် ၁၀  နာရီက စံပြရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်က ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိ ဖြူနှင့် ဆရာမများထံ နှစ်ရှည် အရိပ်ရပျိုးပင်များပေးအပ်ပြီး သစ်တောဦးစီးဌာနဝန်ထမ်းများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား /ကျောင်းသူလေးများက ကျောင်းဝန်းအတွင်း သတ်မှတ်နေရာ အသီးသီး၌ ကျွန်းပျိုးပင် ၂၀ ၊ တမာပင် ၁၅ ပင်၊ မယ်ဇလီ ၁၂ ပင်၊ စိန်ပန်းပင် ၃၀၊ မယ်ဇယ် ၁၅ ပင်၊ ထိုင်ဝမ်ဗန်ဒါ ၁၀ ပင်နှင့် ပိတောက် ၃ ပင်၊ စုစုပေါင်း ပျိုးပင် ၁၀၀ ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)