လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၂/၂၀၂၆) ဒုတိယအကြိမ် ဆင်းပွဲကျင်းပ

လားရှိုး ဇွန် ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် အသေးစားအငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၂/၂၀၂၆) ဒုတိယအကြိမ် ဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၂ ရက်က လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန Community  Centre ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးစိုင်းထွန်းနေလှိုင်က အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီစိုးက ဌာနမှ ပြည်သူ့အကျိုးပြု ဆောင်ရွက်ပေးသည့်  လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ကာ စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူး ခဲ့သည်။

အဆိုပါသင်တန်း ဒုတိယအကြိမ်အား ဇွန်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ‌ပေးခဲ့ခြင်းဖြစ်ပြီး  သင်တန်းသား သင်တန်းသူ စုစုပေါင်း ၂၀ ဦးတက်ရောက်သင်ကြားခဲ့ကာ လုပ်ငန်းထူထောင်လုပ်ကိုင်လိုသည့်  သင်တန်းသားသင်တန်းသူ ၅ ဦးအား စိစစ်ရွေးချယ်ပြီး  ငွေကျပ် ၁၈ သိန်းနှင့် ညီမျှသည့် လုပ်ငန်းထူထောင်ရန် လိုအပ်သည့် လုပ်ငန်းသုံးစက်ပစ္စည်းများ ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

လူမော် (ပြန်/ဆက်)