တွန်းဇံ ဇန်နဝါရီ ၂၂
ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ် ထပ်ဆင့်ရှင်းလင်းခြင်း ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်က ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများအား ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်း ဥပဒေနှင့် နည်းဥပဒေများကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးသည်။
ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်တွင် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းလုပ်ငန်းစဉ်များ၊ ဆယ်အိမ်စုဖွဲ့စည်းခြင်းလုပ်ငန်းများ၊ ရာအိမ်စုဖွဲ့စည်းခြင်း လုပ်ငန်းစဉ်များ၊ ဆယ်အိမ်မှူး ရွေးချယ်မှု လုပ်ငန်းစဉ်များ၊ ရာအိမ်မှူးရွေးချယ်မှု လုပ်ငန်းစဉ်များ၊ ကျေးရွာတာဝန်ခံများ ရွေးချယ်ခြင်းလုပ်ငန်းစဉ်များ၊ အုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်မှု လုပ်ငန်းစဉ်များနှင့် ရွေးချယ်ခံရသည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများ စာရင်းပြုစုခြင်း လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းပေးကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)