မတူပီ ဇန်နဝါရီ ၂၂
ချင်းပြည်နယ်၊ မတူပီမြို့၌ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင်ရေး ဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်သား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါ သင်တန်းကျောင်းအတွင်း၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကွီလိုင်းက မီးသတ်ဆေးဗူးများထားရှိရေး ဆေးဗူးများကို စနစ်တကျ အသုံးပြု တတ်စေရေး စသည်ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ နှင့်ပတ်သက်၍ စနစ်တကျ ကြိုတင် ဆောင်ရွက်ထားရန်တို့ကို ပညာပေးဟောပြောပြီး မီးသတ်ဆေးဗူးဖြင့် မီးငြိှမ်းသတ် နည်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များက သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် ရေးပေါ်မီးငြိှမ်းသတ်မှု မီးသတ်ဆေးဗူးကို ရေစိုအဝတ်ဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ လေ့ကျင့် ဆောင်ရွက်သည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင်ရေး ဦးစီးဌာန၊ အမျိုးသမီးသက်မွေးလုပ်ငန်း သင်တန်းကျောင်းမှ ဆရာမများ၊ နယ်စပ်ဒေသ တိုင်းရင်သား လူငယ်များ သင်တန်းကျောင်းမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)