ခိုင်ကမ်းမြို့၌ ညမထွက်ရအမိန့် ကာလထပ်မံတိုးမြှင့်

ခိုင်ကမ်း  ဇန်နဝါရီ  ၂၂

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် မြို့နေမိဘပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုမရှိစေရေး မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ယမန်နေ့တွင် တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (/၂၀၂၁)အရ  ညမထွက်ရအမိန့်ကို ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။

အဆိုပါ အမိန့်ထုတ်ပြန်ချက်တွင် ခိုင်ကမ်းမြို့နေ မိဘပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရမှု မရှိစေရေးနှင့် ကူးစက်ခံရပါက အချိန်မှီ ထိန်းသိမ်းနိုင်ရေးအတွက် တီးတိန်မြို့နယ်နှင့် ခိုင်ကမ်းမြို့တို့၏ ဧရိယာ နယ်နမိတ်အတွင်း  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်  မှ ၂၀၂၁ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ (၁၂) နာရီမှ မနက်()နာရီ အထိ   ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါအမိန့်သည် အများပြည်သူ၏အကျိုးကို ရည်ရွယ်ကာထုတ်ပြန်ခြင်းဖြစ်ပြီး  လိုက်နာဆောင်ရွက်မှု မရှိပါက တည်ဆဲဉပဒေများအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့ရှိရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ အများပြည်သူ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး လှည့်လည်ဆော်သြ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)