ဒေါ့ဖုန်းယန် ဇန်နဝါရီ ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ ဒိန်ဂါယန်ကျေးရွာအုပ်စု၊ ဒိန်ဂါယန်ကျေးရွာအတွင်းရှိ မြေသားလမ်း ပြုပြင်ဆောင်ရွက် ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဒိန်ဂါယန်ကျေးရွာ လမ်းမုခ်ဦးတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
ကျေးရွာတွင်း မြေသားလမ်းဖွင့်ပွဲကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော် ခရိုင်ဦးစီးမှူး ဉီးမြင့်ဌေး၊ UNHCR ဗန်းမော်မှ တာဝန်ခံ ဦးမရန်တန်အောင်နှင့် နယ်မြေခံတပ်ရင်းမှ အရာရှိတစ်ဦး တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါလမ်းသည် ဒိန်ဂါယန်ကျေးရွာတွင် နေရပ်ပြန်ပြည်သူများအတွက် ရပ်ရွာအခြေပြု ကျေးရွာတွင်း လမ်းဖြစ်ပြီး ကရုဏာလူမှု စည်းလုံးညီညွတ်ရေးအသင်း ဗန်းမော်နှင့် UNHCR တို့ ပူးပေါင်း၍ ကျေးရွာတွင်း မြေသားလမ်းအရှည်-၃၄၇၀ ပေ၊ အကျယ်-၁၅ပေရှိ မြေသားလမ်းကို ငွေကျပ်သိန်းပေါင်း ၂၆၅ သိန်း အကုန်အကျခံ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းနှင့်ကျေးရွာနေ ပြည်သူများ သွားလာရေး အဆင်ပြေစွာ နေထိုင်စားသောက် လုပ်ကိုင်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး မြေသားလမ်း ဆောင်ရွက်ပြီးစီးမှုအား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမရန်ဖုန်းအောင် ထံ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။
မြသက်(ပြန်/ဆက်)