မိုင်းတုံမြို့နယ်အတွင်းရှိ သက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား(၅၁)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

 

 မိုင်းတုံ   မေ  ၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ အသက်(၈၅)နှစ်အထက်ဘိုးဘွား (၅၁)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့  နံနက်  (၈)နာရီခွဲတွင် တာဝန်ရှိသူတို့က အိမ်တိုင်ရာ ရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်‌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး ဦးဆောင်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းကာ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၅၁)ဦး အား (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)သုံးလပတ်အတွက် တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၁,၅၃၀,၀၀၀)ကို ဘိုးဘွားများနေအိမ်သို့ သွားရောက်ကာ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ ကြောင်းသိရသည်။

 

မိုင်းတုံ၊ပြန်/ဆက်