မန့်ဟီးရိုးမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

 

မန့်ဟီးရိုး         မေ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ကျောင်းအပ်နှံမှုကို လက်ခံဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၄ ရက် မှ ၃၁ ရက်နေ့ အထိ သတ်မှတ်ထားပြီး ကျောင်းအပ်လက်ခံခြင်းများကို နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ လက်ခံဆောင်ရွက်ပေး သွားမည် ဖြစ်ပြီး ကျောင်းအပ်နှံလာသည့် ကျောင်းသားမိဘများထံမှ မည်သည့် အခကြေးငွေများ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းများကိုလည်း ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။                                                  

ကျောင်းတက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများကို COVID-19 ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မကြခဏလက်ဆေးနိုင်ရန်စီစဉ်ထားခြင်း၊ ကျောင်းသားတစ်ဦးလျှင် ပြန်လည်အသုံးပြုနိုင်သည့် Masks များ၊ Face Shield နှင့် ကျောင်းသုံးဖတ်စာအုပ်များအပြင် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကိုလည်း အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်းနှင့် မန့်ဟီးရိုးမြို့အတွင်း အထက်တန်းကျောင်း(၁)နှင့် မူလတန်းကျောင်း(၈)ကျောင်း စုစုပေါင်း ကျောင်း(၉)ကျောင်းရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးတင့်ထံမှ သိရသည်။                                                                                                

စန္ဒာ(ပြန်/ဆက်)