မန့်ဟီးရိုးမြို့၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် “ရုံးသုံး မြန်မာစာရေးသားနည်း” စာအုပ်ဖြင့် စာအုပ်မိတ်ဆက်ခြင်း ဆောင်ရွက်

မန့်ဟီးရိုး    မေ    ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြည်သူများအား အသိပညာတိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းကို ဆောင်ရွက်ခဲ့သည်။   

စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် ရုံးသုံး မြန်မာစာရေး သားနည်းစာအုပ်ပါ “မြန်မာစာသည် ရုံးသုံးစာဖြစ်ကြောင်း၊ ရုံးလုပ်ငန်းတွေမှာ လက်တွေ့ရေးသား ဆက်သွယ် ရတဲ့အခါ အသုံးပြုတာ မြန်မာစာပဲဖြစ်ကြောင်း၊  လူတစ်ဦးနှင့်တစ်ဦး၊ ရုံးတစ်ရုံးနှင့် တစ်ရုံး၊ အဖွဲ့ အစည်း တစ်ခုနှင့်တစ်ခု ဆက်နွယ်ကြသည့်အခါ စာရေးအသားနှင့် ပတ်သက်၍ ဝါကျဖွဲ့ထုံး မှန်ကန်စေရန်၊ အသုံးအနှုန်းမှန်ကန်စေရန်၊ စာလုံးပေါင်းသတ်ပုံမှန်ကန်စေရန်နှင့်  ရှင်းလင်း ကျစ်လစ်မှု ရှိစေရန်’’ စသည့်အကြောင်းအရာများကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။          အဆိုပါ ရုံးသုံး မြန်မာစာရေးသား နည်း စာအုပ်ကို လက်တွေ့ကျကျ အသုံးပြုနေသည့် ရုံးဌာနများအတွက် ရုံးစာများမှန်ကန်စွာ စီးဆင်းနိုင်စေရန်ရည်ရွယ်၍ မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ပြီး စာအုပ်ကို အသေးစိတ်ဖတ်ရှုလိုပါက မြို့ရုံးပြည်သူ့စာကြည့်တိုက်တွင် အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း မြို့ဦးစီးမှူး ဒေါ်စန္ဒာဝင်း ကပြောကြားခဲ့သည်။   

စန္ဒာ(ပြန်/ဆက်)