မောင်တော ဇွန် ၁၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ COVID-19 ရောဂါ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြု လုပ်ခြင်းနှင့် ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ကြရန်၊ ပြည်သူလူထုများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွန်းကြားထားသော လမ်းညွန်းချက်များနှင့်အညီ လိုက်နာနေထိုင် ဆောင်ရွက်ကြရန် ထပ်မံ အသိပညာပေး နှိုးဆော်ပေးရန်နှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး ကြပ်မတ် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စနစ်တကျ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်ခြင်း နှင့် စပ်လျဉ်း၍ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ယခုအခါ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတစ်ဦး ထပ်မံတွေ့ရှိရသဖြင့် Facility Quarantine Center များ အဆင်သင့်ထားရှိနိုင်ရေး ကိစ္စရပ်များ၊ လိုအပ်လာပါက ယာယီဆေးရုံငယ် အဖြစ် ဆောင်ရွက်မည့် နေရာအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်ချက်များနှင့် အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညိနှိုင်း ပေးခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း Mask ၊ Hand Speaker ၊ လက်သန့်ဆေးရည်၊ မျက်နှာကာ၊ ကိုယ်အပူချိန်တိုင်းတာခြင်း ကိရိယာ စုစုပေါင်း ပစ္စည်း(၅)မျိုးအား တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)