သံတွဲ ဇွန် ၁၂
သံတွဲခရိုင်၊ သံတွဲမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်(၂၀၂၁)ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို သံတွဲမြို့ အံတော်ကျေးရွာ ရွှေအံတော်စေတီ အနီးတွင် ယနေ့နံနက်၈ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် သံတွဲခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းတို့က မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးရန် ပျိုးပင်များပေးအပ်ရာ ရွှေအံတော်စေတီ ဂေါပကအဖွဲ့ တာဝန်ရှိသူများက လက်ခံရယူကြပြီးနောက် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယခုစိုက်ပျိုးရခြင်းမှာ နိုင်ငံတစ်ဝှမ်း စိမ်းလန်းစိုပြည်ရေး၊ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်လာစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုမျှတ၍ ဂေဟစနစ်များ ကောင်းမွန်လာစေရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုအရ သံတွဲခရိုင်၊ သံတွဲမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်ခြင်းဖြစ်ပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ရွှေဝါ၊ ခရေနှင့် မိုင်ဂျန်ရှား စုစုပေါင်း ပျိုးပင် ၁၁၅၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ ကြကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဝင်းအောင်ထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)