မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မိုင်းတုံ  ဇွန်  ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ယမန်နေ့ညနေ(၃)နာရီက  မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ DIAMOND အသင်းနှင့် Young Unity အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြကျင်းပရာ DIAMOND အသင်းက Young Unity အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

ထို့နောက်ဆုချီးမြှင့်ပွဲကျင်းပရာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးဇော်မင်းဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်တာဝန်ရှိသူတို့က ပထမရ DIAMOND အသင်းအား ဆုဖလား၊ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေကျပ်နှစ်သိန်းကို လည်းကောင်း၊ ဒုတိယဆုရ Young Unity အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေကျပ်တစ်သိန်းကို လည်းကောင်း၊ အကောင်းဆုံး ဂိုးသမားဆု၊ ရှေ့တန်းဆု၊ အလယ်တန်းဆု၊ နောက်တန်း ဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဘောလုံးသမားဆုတို့ကို ဆုတံဆိပ်နှင့် ငွေကျပ်ငါးသောင်းစီကိုလည်းကောင်း၊ နှစ်သိမ့်ဆုရ အသင်းများအား ငွေကျပ်ငါးသောင်းစီကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)