ပြင်စလူမြို့၌ ပိုးလောက်လန်း ကာကွယ်နှိမ်နှင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ပြင်စလူ ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီးလပွတ္တာခရိုင်ပြင်စလူမြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် ပိုးလောက်လန်း ကာကွယ်နှိမ်နှင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် နာရီအချိန်ခန့်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျန်းမာရေး ဝန်ထမ်းများမှ ဖုံး၊ သွန်၊ လဲ၊ စစ် ဆိုသည်မှာ  ရေလှောင်ထားသည့် ရေအိုး၊ ရေခွက်နှင့် စည်ပိုင်းအားလုံးကို ခြင် မဝင်နိုင်အောင် ဖုံးအုပ်ခြင်း၊ ရေထဲတွင် ပိုးလောက်လန်းတွေ့ရှိပါက သွန်ပစ်ခြင်း၊ ပိုးလောက်လန်းများကို လက်ကိုင်ရှည် ရေစစ်ဖြင့် ခပ်ပစ်ခြင်း၊ ဘုရားပန်းအိုး၊ ညောင်ရေအိုးများကို တပတ်တခါ တိုက်ချွတ်ဆေးကြော၍ ရေလဲခြင်း၊ ရေစစ်အသုံးပြု၍ ရေထည့်ခြင်း စသဖြင့် ပိုးလောက်လန်း နှိမ်နင်းသည့် လုပ်ငန်းစဉ်များ ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ခြင်ကျားများဖြစ်စေသော ပိုးလောက်လန်း ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို ပြင်စလူမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊  ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဆယ်အိမ်စု၊ ရာအိမ်စုမှူးများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပိုးလောက်လန်း ပေါက်ဖွားနိုင်သည့် ဘူး၊ ခွက်၊ ကားတာယာ အဟောင်းများကို မြေမြုပ်ခြင်း၊ ခြင်ခိုအောင်းနိုင်သည့် အိမ်တွင်း အိမ်ပြင်နေရာများ ရှင်းလင်းခြင်း၊ ရေကန်များ၊ စဉ့်အိုးများ၊ ရေအိုးများကို အဘိတ်ဆေးခတ်ခြင်း၊ အိပ်စက်ချိန်တိုင်း ခြင်ထောင်ဖြင့် အိပ်စက်ခြင်းတို့က သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်သည့် လုပ်ဆောင်မှုများဖြစ်ကြောင်း  အဆိုပါ နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ပြီး သွေးလွန် တုပ်ကွေးအန္တရာယ် ကာကွယ်ကြဖို့လည်း ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြင်စလူ (ပြန်/ဆက်)