မိုင်းယောင်း ဇွန် ၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက်ပိုင်းက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော “အသိနှင့် ပညာ”စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်း ပြုလုပ်ကြောင်း သိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်း၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်နန်းပန်၊ ရုပ်သံကျွမ်းကျင်(၃) ဦးအားချာနှင့် အငယ်တန်းစာရေး ဒေါ်နန်းစီဖေါင်းတို့က အသိနှင့် ပညာ၊ သွားလျှင်တစ်တိုင် နားလျှင်တစ်ထိုင်၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘာလို့မဖြစ်နိုင်ရမှာလဲ၊ ချစ်သောမိုးရေ၊ သုတနှင့် မုတအတွေ့အကြုံ၊ လူမှုဆက်ဆံရေး အရည်အသွေး၊ အကျိုးရှိစွာ နားထောင်တတ်ပါစေ၊ မီဒီယာသမားကောင်းနှင့် မေတ္တာ၏ အရသာ အကြောင်းများကို တစ်ဦးချင်း ဖတ်ကြားခဲ့ကြသည်။
ထို့နောက် “စာဖတ်ခြင်းမှရသော အတွေ့အကြုံ(သုတ)ကို မိမိ၏ လက်တွေ့ဘဝပြဿနာ အတွေ့ အကြုံ(မုတ)တွင် အသုံးချ ဖြေရှင်းနိုင်စွမ်းရှိခြင်းသည် ပညာပင်ဖြစ်သည်”အကြောင်းကို အပြန် အလှန် ဆွေးနွေးကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း