ဟိုပန် ဇွန် ၁၄
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီး အောင်ကျော်စိုး၊ ဒုတိယရဲမှူးကြီးစိုးပိုင်၊ ဦးကျင်ဝမ်း၊ ဦးထွန်းထွန်းဝင်း (ညွှန်ကြားရေးမှူး)၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့တို့ လိုက်ပါလျက် ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ဟိုပန်မြို့တွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော နမ့်ဆောင်ချောင်းအတွင်း သဲနုန်းဆယ်ယူနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
နမ့်ဆောင်ချောင်းသည် မိုးတွင်းကာလတွင် မကြာခဏ ရေကြီးရေလျှံမှုဖြစ်ပေါ်တတ်ပြီး ဈေးရပ်ကွက်၊ မန်ခွန်ရပ်ကွက်တို့ ရေလွှမ်းမိုးမှုဖြစ်ပေါ်လေ့ရှိသည်။ယခုနှစ်တွင်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ၏ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ချောင်းအရှည်(၁)မိုင်ကို သဲနှုန်းနှင့် အမှိုက်များ ဆယ်ယူခြင်း၊ ချောင်းအား အနက်(၃)ပေ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းတို့ကို ခရိုင်လမ်းဦးစီးဌာနက ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်