ဟိုပုံး ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၃၈) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က သီရိမင်္ဂလာဗိမာန်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို ဧည့်ပရိသတ်များမှ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဟိုပုံးမြို့နယ် သာသနလင်္ကာ ရကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရလင်္ကာရထံမှ (၅)ပါးသီလနှင့် ပရိတ်တရားတော် များကိုခံယူဆောက်တည်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်သိုက်ဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
သာပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်း (၁၄၇) ကျောင်းရှိရာ ရဟန်း(၄၁၆)ပါး၊ သာမဏေ(၁၁၈၈)ပါး၊ သီလရှင်(၇၄)ပါး သီတင်းသုံးလျက်ရှိကြောင်း၊ ဗုဒ္ဓမြတ်စွာ သာသနာတော်၏ ထွန်းကားရေးအတွက် ဟိုပုံးမြို့နယ်အတွင်းရှိ စာအောင် သံဃာတော်များကို နှစ်စဉ် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပပြီး ချီးမြှင့်အားပေးလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်တွင် စာဖြေ သံဃာအကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း၊ အခြေပြုမူလတန်း စုစုပေါင်း(၁၂၂)ပါးဖြေဆိုခဲ့ရာ စာအောင် သံဃာတော်(၅၆)ပါးရှိကြောင်း၊ ၂၀၂၀ ခုနှစ်တွင် စာဖြေသံဃာ အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း၊ အခြေပြုမူလတန်း စုစုပေါင်း (၁၃၀)ပါးဖြေဆိုခဲ့ရာ စာအောင်သံဃာတော်(၈၉)ပါးရှိကြောင်းနှင့် ယခု ၂၀၂၁ ခုနှစ်တွင် စာဖြေသံဃာ အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း၊ အခြေပြုမူလတန်း စုစုပေါင်း (၁၃၇)ပါး ဖြေဆိုကြောင်း သိရသည်။
ယင်းနောက် ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင်သံဃာတော် အကြီးတန်း(၆)ပါး၊ အလတ်တန်း(၁၂)ပါး၊ အငယ်တန်း(၂၈)ပါး၊ အခြေပြုမူလ တန်း(၄၃)ပါး စုစုပေါင်း(၈၉)ပါးတို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်သိုက်ဝင်း၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး စောအောင်မျိုး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ အမှတ်(၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူး ဇေဖြိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက အောင်လက်မှတ်နှင့် စာအောင်ဆုများ အသီးသီးဆက်ကပ်ခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)